Myanmar Gospel Songs

သခင့်ရဲ့ရွေးနှုတ်မှုသာမရှိရင်

၁။ သခင်ရဲ့အချစ်သာမရှိခဲ့ရင်
သခင်ရဲ့ကျေးဇူးမရှိခဲ့ရင်
မြေမှုန့်မှဖြစ်တည်သော
မြေမှုန့်သို့သွားရသော
ကျွန်ုပ်ရဲ့အသက်တာ
ဘယ်ဆီသွားရမလဲလေ . . .

၂။ သခင့်ရဲ့ရွေးနှုတ်မှုမရှိရင်
သခင့်ရဲ့ပေးဆပ်ခြင်းမရှိရင်
မှောင်မိုက်၌ကျင်လည်သော
အပြစ်ထဲ၌နစ်မွန်းသော
ကျွန်ုပ်ရဲ့ဝိညာဉ်
လွတ်မြောက်ခြင်းဘယ်မလဲ . . .

CHO: ကိုယ်တော်ပေးဆပ်ခဲ့လေသောကျေးဇူးကြောင့်သာ
လွတ်မြောက်ခြင်းနဲ့တိုးဝင် သခင့်ရဲ့အနားမှာ
ပေးသနားခဲ့လေသော အသစ်သောအသက်တာ
အပြစ်နဲ့ကင်း ပြန်လည်နိုးထခြင်းရှိလာ
ပေးဆပ်ခဲ့လေသော သခင့်ရဲ့အသွေးအသက် ချစ်ခြင်းတရားသာ
(ကျွန်ုပ်ရဲ့ဝိညာဉ်လွတ်မြောက်ခဲ့စေတာ . .)၂

(အပြစ်ရဲ့ဝဲဂယက်ထဲမှ
လောကလှည့်စားခြင်းမှ
ချည်နှောင်ခြင်းများထဲက
ကျွန်ုပ်ရဲ့ဝိညာဉ်
လွတ်မြောက်ခဲ့စေတာ . . .)

Leave a Reply

Your email address will not be published.