ကျွန်ုပ်အသံ (၂)

Myanmar Gospel Songs > Praise and Worship > ကျွန်ုပ်အသံ (၂)

VERSE 1
ပြုခဲ့ ကျွန်ုပ်တို့ ဒုစရိုက်တွေ အထံတော်မှ ဝန်ချတောင်းပန်
နှိမ့်ချလျက် သခင့်ရဲ့မျက်နှာ ရှာဖွေကာ ငိုကြွေးသောအသံ
အဓမ္မလမ်းအား စွန့်ပစ်ပြီး သခင့်ရှေ့မှောက်ကိုးကွယ်ဖို့ ရောက်လာ

VERSE 2
ဆိုးညစ်ခြင်းနဲ့ ပြည့်နှက်နေ ခိုင်မာနေတဲ့ နှလုံးသားမြေ
သခင့်ရှေ့မှောက် ချိုးဖဲ့ခြင်းခံ သခင်လိုရာ ပုံသွင်းပြောင်းလဲ
ကျွန်ုပ်နှလုံးသားဝိညာဥ်၌ ကိုယ်တော်ကို မျှော်ကြည့်ရင်း တောင်းပန်

CHORUS
သခင်မျက်နှာအလင်း တည်ကြည်ပေါ်ထွန်းလင်းပါ
ကြေမွသောနှလုံးတွေ တမ်းတလျက်နေချိန်/ငိုကြွေး
သခင်ရဲ့လူများ ကိုယ်တော်ထံတော်ပါး
နောင်တများနဲ့ နှိမ့်ချ ပြပ်ဝပ်ချိန်ခါ
ခြောက်သွေ့အက်ကွဲခြင်းများ သခင်ရဲ့ကောင်းကြီးမိုးစက်
ငတ်မွတ်လျက် ဟစ်အော်သံများ နားညောင်းကာ
ကိုယ်တော်ရှင်ရဲ့မျက်နှာ ကျွန်ုပ်ထံလှည့်ပါ

BRIDGE
အတွင်းနှလုံးသား —– အမှားကို ပြန်မြင်ဝန်ချကာ
နှိမ့်ချလျက် သခင့်ရှေ့တော် တိုးဝင်ကာ ဆုတောင်းသံများ
ကိုယ်တော်ရှင်ထံတော်မှ ကျွန်ုပ်တို့ဒူးထောက်
မျက်နှာတော်ကို မျှော်လင့်ကာ
နှလုံးသားထဲက မျက်ရည်စီးသံကို သခင်ကြားမူပါ

Leave a Reply

Your email address will not be published. Required fields are marked *