အကြီးမြတ်ဆုံးဘုရား

VERSE 1
ဆုံးရှုံးခြင်းမှ လွတ်မြောက်ခဲ့စေသူ  အပြစ်နဲ့ ငရဲမှ ရွေးနှုတ်ခဲ့လေသူ
ဝမ်းနည်းခြင်းမှ ဝမ်းမြောက်ခြင်းထံသို့ လွတ်မြောက်ခြင်းနဲ့ အမြဲတမ်း ကခုန်စေ
ထာဝရအလင်းနဲ့ စုံလင်သောအရပ်ဆီ ဝင်နိုင်ရန် တံခါးကို ဖွင့်ပေးပြီး
အစဥ်မပြောင်းလဲ ကိုယ်တော်ရဲ့မေတတာ ဂုဏ်တော်ကို မြွက်ဆိုကာချီးမွမ်း

CHORUS
အကြီးမြတ်ဆုံးဘုရား ခပ်သိမ်းသောအရာဖန်ဆင်း
အစနဲ့အဆုံးလည်း ကိုယ်တော်သာတစ်ပါးတည်း
အသက်ရှိသမျှတို့ ချီးမွမ်းရန် ခံထိုက် ဘုန်းကြီးခြင်းနဲ့ ကိုယ်တော်အုပ်စိုး
ကိုယ်တော်ဘုရားအား ရိုသေလျက်ကိုးကွယ် ပလ္လင်တော်ရဲ့ရှေ့မှောက်ပြပ်ဝပ်ရင်း
ဂုဏ်ပြုခြင်းအပေါင်း ခံထိုက်သောဘုရားသခင်
ဝန်ခံ ဖန်ဆင်း နေ့ညအားလုံး ဘုရား၌ ချီးမွမ်းမည်

VERSE 2
ကျွန်ုပ်ရဲ့အသက်အတွက် အသက်စွန့်ခဲ့လေသူ ကျွန်ုပ်ရဲ့အပြစ်အတွက် အသွေးသွန်းခဲ့လေသူ
ကျွန်ုပ်လွတ်မြောက်ဖို့ ရှက်ကြောက်ခြင်းခံရင်း သချိုင်းတွင်းမှ ထမြောက်ခဲ့လေပြီ
ထိုသေခြင်းအား အောင်မြင်သောဘုရားရှင် အရာရာကိုစိုးစံပိုင်သောဘုရား
အစဉ်အနှိုင်းမဲ့ ကိုယ်တော်ရဲ့တန်ခိုးတော် နေတော်ပေါ်ဘုန်းတော်အစဉ်ထွန်းလင်း

Leave a Reply

Your email address will not be published. Required fields are marked *