ကိုယ်တော်ရဲ့ရှေ့တော်

VERSE 1
ကိုယ်တော်ရှင်အား တမ်းတ အချိန်အခါတိုင်း
ဝိညာဉ်ရဲ့အထဲမှ ငတ်မွတ်ကာ အမြဲ ဟစ်အော်နေ
ကိုယ်တော်ရှင်ရှေ့မှောက်သာ အနေချင်ဆုံး
အခြားအရာရာခပ်သိမ်းထက် နှိုင်းတုရန်မရှိသောနေရာ
ထိုအရပ် ကိုယ်တော်ရဲ့ရှေ့တော် အမြဲတမ်း ရှိနေချင်
ဝိညာဉ်မှာ အစဉ်အမြဲ ညည်းတွားနေ

CHORUS
အို အလှပဆုံး ကိုယ်တော်ရဲ့ရှေ့တော်သာ
အမြဲတမ်း တမ်းတနေ ဝိညာဉ်ထဲမှ
ပြီးပြည့်စုံခြင်း အစုံလင်ဆုံး သခင့်ရင်ခွင်
နှလုံးသားထဲ အမြဲတမ်း အော်မြည်တောင့်တ
ကိုယ်တော်ဘုရားရဲ့ ရှေ့မှောက်မျက်နှာတော်အလင်း ထွန်းလင်းသောနေရာ
အခြားအရာရာခပ်သမ်းထက် လိုချင်မျှော်လင့်၍
ကျွန်ုပ်အား ဆွဲခေါ်ပါ အဖဘုရား (အထံတော်သို့)

VERSE 2
ကိုယ်တော်ရှင်တစ်ပါးတည်းသာ အလိုအပ်ဆုံး
ကောင်းကြီး ရွေ ငွေ အထောင်အသင်းထက် အဖိုးထိုက်သူ ကျွနု်ပ်၏ ဘုရင်
ကိုယ်တော်ရှင်တစ်ပါးတည်းသာ အရာခပ်သိမ်း
သခင့်ရင်ခွင်တော်ထဲမှာ ချစ်မေတတာ ကျွန်ုပ်အတွက် အစဉ်အမြဲ
ထာဝရ ကိုယ်တော်ရဲ့အနားမှာ အမြဲတမ်းရှိနေချင်
ဝိညာဉ်မှာ အစဉ် တမ်းတလို့နေ

Leave a Reply

Your email address will not be published. Required fields are marked *