အမြဲဟာလေလုယာ

CHORUS
ဟာလေလုယာ ကိုယ်တော်အကြီးမြတ်ဆုံး
ဂုဏ်တော်ချီးမွမ်း၍မဆုံး ကိုယ်တော်အနန္တ
ဟာလေလုယာ လူသားတိုင်းကြွေးကြော်ကြ
သခင့်ရဲ့နာမ ဘုန်း ကြီးထာဝရအမြဲ ဟာလေလုယာ

VERSE 1
မြေမှုန့်ကောင်းကင်အလုံးစုံဖန်ဆင်း အနှိုင်းမဲ့တန်ခိုးရှင်ဘုရား
အသက်ရှိသူအပေါင်း ကိုးကွယ်ရာ တစ်ပါးတည်းသောဘုရား
ကောင်းကင်သားများမြွက်ဆို မြေကြီးသားများ ဝမ်းမြောက်နေ
ဘုန်းတော်ကြီးမြတ် ထာဝရ အမြဲတမ်းကြွေးကြော် အမြဲပဲ ချီးမွမ်း

VERSE 2
အရာခပ်သိမ်းကိုယ်တော်သာဖန်ဆင်း ဘုရင်တကာတို့ဘုရင်
အသက်စွန့်ကာ ရွေးနှုတ်ခဲ့သော သခင်တကာတို့သခင်
မရဏာတံခါးတို့ပိတ်ဆို့ ထာဝရအသက်ကို လမ်းဖွင့်ပေး
တန်ခိုးတော်ကြီးမြတ်အစဉ်အမြဲ အမြဲတမ်းမြွက်ဆို အမြဲတမ်း ဂုဏ်ပြု

Leave a Reply

Your email address will not be published. Required fields are marked *